MPT မှ IP-VPN ဝန်ဆောင်မှု စတင်တော့မည်
အရည်အသွေးမြင့်
ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးများအတွက်
ကွန်ရက်ကို
မြန်မာနိုင်ငံမှာ ပထမဦးဆုံးရရှိနိုင်ပြီ
(ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၉
ရက်၊ ၂၀၁၆ ခုနှစ်) - MPT မှ စီးပွားရေးလုပ်ငန်းစု နှင့်လုပ်ငန်းရှင်
အသုံးပြုသူများအတွက် IP-VPN (Virtual Private Network) ဝန်ဆောင်မှုကို
စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ MPT ၏ IP-VPN မှာ အရည်အသွေးမြင့်မားသည့်
တစ်နိုင်ငံလုံးအနှံ့ရှိသော IP ကွန်ရက်ကို
အသုံးပြုကာလုပ်ဆောင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းတွင်
အကြီးမားဆုံးလည်းဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို ပထမဆုံးအနေဖြင့်
စတင်အသုံးပြုသော လုပ်ငန်းစုမှာလည်း မြန်မာနိုင်ငံ၏ ထင်ရှားသော
ငွေရေးကြေးရေးနှင့်ဆိုင်သည့် ဝန်ဆောင်မှုကိုပေးနေသည့် CB ဘဏ် ဖြစ်သည်။
0 comments: