Monday, February 29, 2016

0

MPT မှ IP-VPN ဝန်ဆောင်မှု စတင်တော့မည်

အရည်အသွေးမြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးများအတွက်
ကွန်ရက်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးရရှိနိုင်ပြီ

 (ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၉  ရက်၊ ၂၀၁၆ ခုနှစ်) - MPT မှ စီးပွားရေးလုပ်ငန်းစု နှင့်လုပ်ငန်းရှင် အသုံးပြုသူများအတွက် IP-VPN (Virtual Private Network) ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ MPT ၏ IP-VPN မှာ အရည်အသွေးမြင့်မားသည့် တစ်နိုင်ငံလုံးအနှံ့ရှိသော  IP ကွန်ရက်ကို အသုံးပြုကာလုပ်ဆောင်ထားခြင်းဖြစ်ပြီး  မြန်မာနိုင်ငံအတွင်းတွင် အကြီးမားဆုံးလည်းဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုသော လုပ်ငန်းစုမှာလည်း မြန်မာနိုင်ငံ၏ ထင်ရှားသော ငွေရေးကြေးရေးနှင့်ဆိုင်သည့် ဝန်ဆောင်မှုကိုပေးနေသည့် CB ဘဏ် ဖြစ်သည်။


သာမန်ရိုးရိုး အင်တာနက်ဖြင့် ချိတ်ဆက်ထားသော VPN များဖြင့်ယှဉ်လျှင် အထူးသီးသန့်ဖြစ်ကာ ကန့်သတ်ထားသော MPT ၏ IP-VPN ကွန်ရက်မှာ လုံခြုံရေးပိုင်းအရနှင့်  ချိတ်ဆက်မှု အပိုင်းတွင်ပါ များစွာ သာလွန်ကောင်းမွန်ပါသည်။ အခြားတစ်ဘက်တွင်လည်း ကော်ပိုရိတ် ကွန်ရက်များမှာ သီးသန့် ပုဂ္ဂလိကပိုင်လိုင်းများ သို့မဟုတ် ငှားရမ်းထားသည့် လိုင်းများဖြစ်နေပြီး MPT ၏ IP-VPN မှာမူ ပိုမိုပြီး ပြုလွယ်ပြင်လွယ်ရှိကာ  လွယ်ကူစွာဖြင့်ချဲ့ထွင်နိုင်သလို  ဈေးနှုန်းပိုမိုသက်သာစွာဖြင့် ချိတ်ဆက် လုပ်ကိုင်နိုင်ပါသည်။ ယင်းသို့သော အချက်များနှင့် အတူ ယနေ့ကာလတွင် IP-VPN ကွန်ရက်များမှာ ကမ္ဘာအနှံ့ရှိ စီးပွားရေးလုပ်ငန်းကြီးများအတွက်အများက ပုံမှန်သုံးစွဲသည့် ကွန်ရက်များဖြစ်နေပြီဖြစ်သည်။  

MPT IP-VPN ၏ အဓိက လက္ခဏာရပ်များမှာ--
·       ကန့်သတ်ထားသော သီးခြား ကွန်ရက်ကိုအသုံးပြုထားခြင်းကြောင့် လုံခြုံမှုအရည်အသွေးမြင့်မားခြင်း
·       ဆက်စပ်သည့် ဝန်ဆောင်မှုအဆင့်အတန်း သဘောတူညီချက် (SLA) နှင့်အတူ  အရည်အသွေးပြည့်သည့် ဝန်ဆောင်မှု(QoS) နှင့်  အာမခံထားသည့် Bandwidth ကြောင့် ကောင်းစွာ အသုံးပြုနိုင်ခြင်း
·       တစ်နှစ်ပတ်လုံး ၃၆၅ ရက်တိုင်တိုင် နှင့် ၂၄ နာရီ ပတ်လုံး စောင့်ကြည့်ခြင်းနှင့် ကြီးကြပ်ထားခြင်း
·       ငှားရမ်းထားသည့် ကွန်ရက်ပါသောလိုင်း နှင့်ယှဉ်ပါက ဈေးနှုန်းသက်သာခြင်း
·       ကွန်ရက်ကို လွယ်ကူစွာချဲ့ထွင်နိုင်ကာ ပြုပြင်ပြောင်းလဲနိုင်ခြင်း
·       နေရာအနှံ့သို့ ရောက်ရှိနိုင်ခြင်း (တစ်နိုင်ငံလုံးအနှံ့ ဝန်ဆောင်မှုပေးနိုင်ခြင်း)တို့ဖြစ်ပါသည်။

IP-VPN မှာ စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်စပ်လုပ်ကိုင်ခြင်းအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ရရှိခံစားစေနိုင်ပါသည်။ MPT မှ ပေးနေသည့် မိုဘိုင်းဆက်သွယ်ရေး လုပ်ဆောင်ချက်များဖြစ်သည့် (အသံ၊ Data နှင့် SMS) များအပြင် ကြိုးလိုင်းဖုန်း (Dataနှင့် အသံ)ကို  ကုမ္ပဏီများစွာက၎င်းတို့၏ နေ့စဉ်စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနေပြီးဖြစ်ပါသည်။ MPT အနေဖြင့် ကုမ္ပဏီများစွာကို လွတ်လပ်စွာနှင့် ဆက်သွယ်မှုပြုနိုင်ရန်အတွက် အကူအညီပေးကာ ယင်းတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းအတွင်း ပါဝင်လုပ်ဆောင် နိုင်စေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

MPT-Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးလာတာနဲ့အမျှ ပြီးပြည့်စုံတဲ့ စီးပွားရေးလုပ်ငန်းသုံး ဆက်သွယ်ရေးကွန်ရက်တွေကို နေ့စဉ်နဲ့အမျှလိုအပ်လာပါတယ်၊ MPT IP-VPN ဝန်ဆောင်မှုကို စတင်ခြင်းအားဖြင့် ဈေးနှုန်းသက်သာပြီး လုံခြုံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းသုံးကွန်ရက်ကို တစ်နိုင်ငံလုံးအနှံ့ပေးနိုင်တော့မှာဖြစ်ပြီး၊ မြန်မာ့စီးပွားရေးလုပ်ငန်းတွေကိုရော အခြားနိုင်ငံတကာကနေ မြန်မာနိုင်ငံမှာ လာပြီး အခြေစိုက်ထားတဲ့ လုပ်ငန်းတွေကိုရော ထောက်ပံ့ကူညီပေးရင်းနဲ့ မြန်မာနိုင်ငံတိုးတက်မှုမှာ တစိတ်တဒေသကနေ ကူညီပံ့ပိုးချင်ပါတယ်”ဟု ပြောသည်။
MPT IP-VPN ဝန်ဆောင်မှုကို ပထမဆုံးအသုံးပြုသော CB ဘဏ်၏ Head of Infrastructure and Nextwork ဖြစ်သူ ဦးကျော်အောင်စိုး က “ သာမန် ရိုးရိုး အင်တာနက်လိုင်းကို အကြာကြီးသုံးပြီးတဲ့နောက်မှာ ကျွန်တော်တို့ MPT IP-VPN ဝန်ဆောင်မှုကို သုံးဖို့ ရွေးချယ်ဖြစ်ခဲ့ ပါတယ်၊ ဘာလို့လဲဆိုတော့ အဆင့်မြင့်တဲ့ လုံခြုံမှုအပိုင်းမှာ အတူတူပဲဖြစ်ပြီး ဈေးကျတော့ ပိုပြီးသက်သာအဆင်ပြေလို့ပါ၊ နောက်ပိုင်းမှာ ကွန်ရက်ချဲ့ထွင်တာတွေကို လွယ်လွယ်ကူကူလုပ်လို့ရမယ်ဆိုတာကလည်း ပိုပြီး စိတ်ဝင်စားစရာဖြစ်ခဲ့ပါ တယ်၊  ဒီရွေးချယ်မှုဟာ ကျွန်တော်တို့ဘဏ်ရဲ့ စီးပွားရေးပိုမိုတိုးတက်လာခြင်းမှာ အထောက်အကူဖြစ်မယ်ဆိုတာ ယုံကြည် ပါတယ်”ဟု ပြောသည်။

MPT သည် ယင်း၏ IP-VPN ဝန်ဆောင်မှုဧရိယာကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့်မြို့များမှ အခြားဒေသများသို့ပါ ချဲ့ထွင်လျက်ရှိပြီး ပြီးစီးသည့်အချိန်တွင်လည်း ကြေညာမှုများ ထပ်မံပြုလုပ်ပေးသွားမည်ဖြစ်သည်။ သုံးစွဲသူများ၏ လိုအပ်ချက်များ ပြည့်မှီရန် MPT သည် အခြားသောဝန်ဆောင်မှုများထဲမှ မိုလ်ဘိုင်းဖုန်းများမှ တဆင့်လွယ်ကူစွာချိတ်ဆက်နိုင်သည့်ဝန်ဆောင်မှုများ၊ နိုင်ငံတကာ ချိတ်ဆက်မှုများ ကိုလည်း ထပ်မံချဲ့ထွင်သွားရန် လုပ်ဆောင်လျက်ရှိနေပါသည်။

ပုံ
(ဘယ်မှညာ)- Mr. Kentaro Matsuura;- MPT B2B ဌာနအထွေထွေမန်နေဂျာ၊ ဦးသိန်းဇော်ထွန်း- CB Bank စီမံခန့်ခွဲမှုဒါရိုက်တာ (Business)၊ ဦးဇော်မင်းသက်- CB Bank  Consumer Banking ဌာနစိတ် ဒုတိယဌာနမှူး၊ Mr. Koichi Kawase- MPT  Chief Commercial Officer

0 comments: