Monday, February 29, 2016

0

MPT မှ IP-VPN ဝန်ဆောင်မှု စတင်တော့မည်

အရည်အသွေးမြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးများအတွက်
ကွန်ရက်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးရရှိနိုင်ပြီ

 (ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၉  ရက်၊ ၂၀၁၆ ခုနှစ်) - MPT မှ စီးပွားရေးလုပ်ငန်းစု နှင့်လုပ်ငန်းရှင် အသုံးပြုသူများအတွက် IP-VPN (Virtual Private Network) ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ MPT ၏ IP-VPN မှာ အရည်အသွေးမြင့်မားသည့် တစ်နိုင်ငံလုံးအနှံ့ရှိသော  IP ကွန်ရက်ကို အသုံးပြုကာလုပ်ဆောင်ထားခြင်းဖြစ်ပြီး  မြန်မာနိုင်ငံအတွင်းတွင် အကြီးမားဆုံးလည်းဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုသော လုပ်ငန်းစုမှာလည်း မြန်မာနိုင်ငံ၏ ထင်ရှားသော ငွေရေးကြေးရေးနှင့်ဆိုင်သည့် ဝန်ဆောင်မှုကိုပေးနေသည့် CB ဘဏ် ဖြစ်သည်။

0 comments:

Saturday, February 27, 2016

0

VMware မှ သုံးစွဲသူများအတွက်ရိုးရှင်းစွာသုံးစွဲနိုင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက်လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှုများနှင့်အတူ သယ်ဆောင်လာသည့်ဒီဂျစ်တယ်အခြေပြုလုပ်ငန်းခွင်များဖန်တီးပေးနိုင်မည့် Workspace ONE အားထုတ်ပြန်ကြေညာ

Posted in ,
VMware Workspace ONE သည်ရိုးရိုးရှင်းရှင်းနှင့် လုံခြုံစိတ်ချစွာအသုံးပြုနိုင်သော စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲပလက်ဖောင်းတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်အခြေပြုလုပ်ငန်းခွင်တစ်ခုကိုဖန်တီးပေးနိုင်ကာ မည်သူသုံးစွဲသည်ကိုစစ်ဆေးအတည်ပြုနိုင်ခြင်း၊ အသုံးပြုသည့် ကိရိယာများအားစီမံထိန်းကျောင်းမှုများပြုလုပ်နိုင်ခြင်း နှင့် application များအားပေးပို့အသုံးပြုနိုင်ခြင်း စသည့်လုပ်ဆောင်ချက်များစွာပါဝင်ပါသည်။

0 comments:

0

TEDxInyaLake ၏ ပွဲဦးထွက် Myanmar Connects အစီအစဉ်တွင် နယ်ပယ်အသီးသီးမှ ဦးဆောင်သူများက ပါဝင်ဟောပြောဆွေးနွေးသွားမည်

Posted in
လက်မှတ်များကို မတ်လ ၁၃ ရက်နေ့ အင်းယားလိပ်ဟိုတယ်တွင် ရောင်းချသွားမည်

        လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ မြန်မာမှ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ချိတ်ဆက်နိုင်ရန် လူမှုနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက ဟောပြောဆွေးနွေးမည်။ ၎င်းအစီအစဉ်ကို TEDxInyaLake မှ Myanmar Connects ဟူသော ခေါင်းစဉ်နှင့် ၂၀၁၆ မတ်လ ၂၃ ရက်နေ့၊ အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး စာရေးဆရာများ၊ အနုပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးသူများ၊ စွန့်ဦးတီထွင်သူများနှင့် အခြားကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။

0 comments: