• Mobile Devices ?ျား?ို ?ိ?်??်?ား?ူ?ျား??ွ?်

  • ??်း??ာ?ို?်??် ??ာ??်?ျား?ို ?ဲ?ဲ??်??် ?ိ?ှိ?ို?ူ?ျား??ွ?်

  •ြ??်?ာ?ို?်?ံ၏ ??်း??ာေ?ျး?ွ?် ?ြေ??ေ??ို ?ိ?ှိ?ို?ူ?ျား၊ New Devices ?ျား?ို ?ူး??်း?ို ?ူ?ျား??ွ?်

  •ေ????် ?ူေ??ှု????ွ?် ?ို??်ေ?ာ ??ိ??ာ?ျား၊ေ?ာ်ြေ?ေ?း ??ီ???်?ျား

  • ?ုံ??်ေ?ာ Reviews ?ျား၊ Articles ?ျား၊ Tutorial ?ျား

Next
Previous

Friday, May 22, 2020

0

Test

Hello World

Monday, February 29, 2016

0

MPT မှ IP-VPN ဝန်ဆောင်မှု စတင်တော့မည်

အရည်အသွေးမြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးများအတွက်
ကွန်ရက်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးရရှိနိုင်ပြီ

 (ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၉  ရက်၊ ၂၀၁၆ ခုနှစ်) - MPT မှ စီးပွားရေးလုပ်ငန်းစု နှင့်လုပ်ငန်းရှင် အသုံးပြုသူများအတွက် IP-VPN (Virtual Private Network) ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ MPT ၏ IP-VPN မှာ အရည်အသွေးမြင့်မားသည့် တစ်နိုင်ငံလုံးအနှံ့ရှိသော  IP ကွန်ရက်ကို အသုံးပြုကာလုပ်ဆောင်ထားခြင်းဖြစ်ပြီး  မြန်မာနိုင်ငံအတွင်းတွင် အကြီးမားဆုံးလည်းဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုသော လုပ်ငန်းစုမှာလည်း မြန်မာနိုင်ငံ၏ ထင်ရှားသော ငွေရေးကြေးရေးနှင့်ဆိုင်သည့် ဝန်ဆောင်မှုကိုပေးနေသည့် CB ဘဏ် ဖြစ်သည်။

Saturday, February 27, 2016

0

VMware မှ သုံးစွဲသူများအတွက်ရိုးရှင်းစွာသုံးစွဲနိုင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက်လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှုများနှင့်အတူ သယ်ဆောင်လာသည့်ဒီဂျစ်တယ်အခြေပြုလုပ်ငန်းခွင်များဖန်တီးပေးနိုင်မည့် Workspace ONE အားထုတ်ပြန်ကြေညာ

Posted in ,
VMware Workspace ONE သည်ရိုးရိုးရှင်းရှင်းနှင့် လုံခြုံစိတ်ချစွာအသုံးပြုနိုင်သော စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲပလက်ဖောင်းတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်အခြေပြုလုပ်ငန်းခွင်တစ်ခုကိုဖန်တီးပေးနိုင်ကာ မည်သူသုံးစွဲသည်ကိုစစ်ဆေးအတည်ပြုနိုင်ခြင်း၊ အသုံးပြုသည့် ကိရိယာများအားစီမံထိန်းကျောင်းမှုများပြုလုပ်နိုင်ခြင်း နှင့် application များအားပေးပို့အသုံးပြုနိုင်ခြင်း စသည့်လုပ်ဆောင်ချက်များစွာပါဝင်ပါသည်။

0

TEDxInyaLake ၏ ပွဲဦးထွက် Myanmar Connects အစီအစဉ်တွင် နယ်ပယ်အသီးသီးမှ ဦးဆောင်သူများက ပါဝင်ဟောပြောဆွေးနွေးသွားမည်

Posted in
လက်မှတ်များကို မတ်လ ၁၃ ရက်နေ့ အင်းယားလိပ်ဟိုတယ်တွင် ရောင်းချသွားမည်

        လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ မြန်မာမှ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ချိတ်ဆက်နိုင်ရန် လူမှုနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက ဟောပြောဆွေးနွေးမည်။ ၎င်းအစီအစဉ်ကို TEDxInyaLake မှ Myanmar Connects ဟူသော ခေါင်းစဉ်နှင့် ၂၀၁၆ မတ်လ ၂၃ ရက်နေ့၊ အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး စာရေးဆရာများ၊ အနုပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးသူများ၊ စွန့်ဦးတီထွင်သူများနှင့် အခြားကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။

Monday, December 8, 2014

0

Samsung Galaxy S5 Special review

Posted in ,
HAN(TechRangoon)

စမတ်ဖုန်းလောကရဲ့ ပြိုင်ပွဲက တဖြည်းဖြည်းပိုကြမ်းလာတယ်။ Android ဖုန်းကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ feature ပိုများတဲ့၊ camera megapixel ပိုများတဲ့ ဖုန်းတွေ၊ screen ppi များတဲ့ဖုန်းတွေ အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲ ထုတ်လုပ်လာကြတယ်။ ဒါပေမယ့် သတိထားစရာကောင်းတာက Apple ရဲ့ အောင်မြင်မှုက iPhone camera ကြောင့်လည်းမဟုတ်၊ သူ့ OS ကြောင့်လည်းမဟုတ်၊ ဘထ္ထရီသက်တမ်းကြောင့်လည်း မဟုတ်ပဲ အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ဖုန်းကို လှလှပပ၊ ချောချောမွေ့မွေ့သုံးနိုင်ဖို့ဆိုတဲ့ သုံးစွဲသူတွေတောင် တခါတလေသတိမထားမိတဲ့ သေးငယ်တဲ့အရာတွေကိုအစ ဂရုစိုက်လုပ်ပေးတဲ့ Apple ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ Apple ကုမ္ပဏီဟာ ဖုန်းတမျိုးထုတ်တိုင်း ထုတ်တိုင်း အကြီးကြီးတွေပြောင်းလဲတာထက် သေးသေးငယ်ငယ်အရာတွေကိုပဲ ပိုမိုကောင်းမွန်အောင်၊ ပြည့်စုံအောင်လုပ်တာက ၄င်းအောင်မြင်မှုရဲ့ အဓိကအချက်လို့ ထင်တယ်။

သေးသေးငယ်ငယ်တွေကို ပိုဂရုစိုက်တယ် Apple ရဲ့ လုပ်ဆောင်မှုဟာ Samsung နဲ့တော့ ပြောင်းပြန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ It’s big ဆိုတဲ့ ၄င်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း Samsung ကကြီးကြီးမားမားပြောင်းလဲမှုလုပ်တာကိုပဲ ပိုအလေးပေးပါတယ်။ ၄င်းဟာ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ ကြီးမားတဲ့ဖုန်းတွေထုတ်တယ်။ကြီးမားတဲ့ အိုင်ဒီယာအသစ်တွေနဲ့ စမတ်ဖုန်းတစ်လုံးလုပ်ဆောင်နိုင်တာထက် လွန်တဲ့ အခြားထပ်တိုးလုပ်ဆောင်မှုတွေကို များများပြားပြား ပစ်ထည့်ထားတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Samsung က ၄င်းတို့ရဲ့ နည်းကို နည်းနည်းပြောင်းလာပြီလို့ ထင်တယ်။ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S5 မျိုးဆက်သစ်ကို features ပေါင်းမြောက်များစွာနဲ့ အမွှမ်းတင်တာထက် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံးရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ပြန်ဂရုစိုက်လာပြီလို့ မြင်လာတယ်။

လွန်ခဲ့တဲ့တစ်နှစ်က HTC ကထုတ်ခဲ့တဲ့ အလူမီနီယံကိုယ်ထည်နဲ့ HTC One ဟာ Samsung ရဲ့ ဈေးပေါဟန်ရှိတဲ့၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့၊ feature ပေါင်းများစွာနဲ့ နစ်မြှုပ်နေတဲ့ S စီးရီးဖုန်းတွေကို မကျော်လွှားနိုင်ရင်တောင် ဈေးကွက်ထဲမှာ ၄င်းရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် ဖြစ်ခဲ့မယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနှစ်လည်း s5 ဆိုတဲ့ ဖုန်းအသစ်ကို ထပ်မံထုတ်လုပ်ခဲ့တယ်။ ဒီတစ်ခေါက်လည်း ယခင် စီးရီးဖြစ်တဲ့ S4 ထက်အနည်းငယ်ကြီးသွားတဲ့ မျက်နှာပြင်၊ အနည်းငယ်ရှည်ပြီး ကျယ်သွားတဲ့ ဖုန်းကိုယ်ထည်နဲ့ ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါးနဲ့ s4 နဲ့ တည်ဆောက်ပုံသိပ်မကွာလှတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

0

Mark Zuckerberg (သို့မဟုတ်) လူတွေ Like ကြတဲ့နောက်ထပ်ကမ္ဘာတစ်ခုကိုတည်ထောင်သူ

Posted in
ကမ္ဘာကြီးပြားတယ်ဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို
ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့
ပြောကြဆိုကြနေထိုင်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှု
ကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့
အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည် နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင်တက်ကြပါတယ်။
သို့သော်ကောင်းကောင်းအသုံးချတတ်ရင်တော့ ကောင်းကျိုးတွေအများကြီးလည်းရနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေလူသားတွေကတော့ နေ့စဉ်နေ့စဉ်၊ညစဉ်ညစဉ် ဒီ Facebook ထဲကိုဝင်နေကြဦးမှာကတော့ သေချာပါတယ်။ ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခြေရာကောက်ကြရအောင်။