Saturday, February 27, 2016

0

VMware မှ သုံးစွဲသူများအတွက်ရိုးရှင်းစွာသုံးစွဲနိုင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက်လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှုများနှင့်အတူ သယ်ဆောင်လာသည့်ဒီဂျစ်တယ်အခြေပြုလုပ်ငန်းခွင်များဖန်တီးပေးနိုင်မည့် Workspace ONE အားထုတ်ပြန်ကြေညာ

Posted in ,
VMware Workspace ONE သည်ရိုးရိုးရှင်းရှင်းနှင့် လုံခြုံစိတ်ချစွာအသုံးပြုနိုင်သော စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲပလက်ဖောင်းတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်အခြေပြုလုပ်ငန်းခွင်တစ်ခုကိုဖန်တီးပေးနိုင်ကာ မည်သူသုံးစွဲသည်ကိုစစ်ဆေးအတည်ပြုနိုင်ခြင်း၊ အသုံးပြုသည့် ကိရိယာများအားစီမံထိန်းကျောင်းမှုများပြုလုပ်နိုင်ခြင်း နှင့် application များအားပေးပို့အသုံးပြုနိုင်ခြင်း စသည့်လုပ်ဆောင်ချက်များစွာပါဝင်ပါသည်။


 Cloud နည်းပညာအသုံးပြု အခြေခံအဆောက်အဦများ နှင့် စီးပွားရေးလုပ်ငန်းဆောင်တာများကို နေရာပေါင်းစုံမှလုပ်ဆောင်နိုင်စွမ်းများနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင် ဦးဆောင်လျှက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် VMware, Inc.(NYSE: VMW)သည် လုံခြုံစိတ်ချစွာအသုံးပြုနိုင်သော ဒီဂျစ်တယ် လုပ်ငန်းခွင်များအား လုပ်ငန်းခွင်အနေအထားအလိုက် သင့်လျော်သလို လိုက်လျောညီထွေရှိစွာ ပြောင်းလဲလုပ်ကိုင်နိုင်ပြီး မိမိတို့၏ ကိုယ်ပိုင် ကိရိယာများကို သယ်ဆောင်ကာအသုံးပြုနိုင်သော စနစ်(BYOD) ကိုထောက်ပံ့ပေးမည့် ဆော့ဖ်ဝဲ ပလက်ဖောင်းအသစ်တစ်ခုကို ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ သုံးစွဲသူများအတွက်ရိုးရှင်းလွယ်ကူစွာအသုံးပြုနိုင်မှုနှင့် စီးပွားရေးလုပ်ငန်းဆောင်တာများအား လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှု စသည့် အခြေခံမူဝါဒများကို စွဲကိုင်လျှက် VMware မှထုတ်လွှင့်ပေးလိုက်သည့် ဒီဂျစ်တယ်လုပ်ငန်းခွင် စနစ်ဟာ အသုံးပြုသူများ နှင့် စီးပွားရေးလုပ်ငန်းများမှာ အိုင်တီနည်းပညာများဖြင့် အသုံးပြုလုပ်ကိုင်ဆောင်ရွက်ကြရာတွင် ရွေ့လျားသယ်ဆောင်ကာလုပ်ဆောင်နိုင်စွမ်းများကို ထောက်ပံ့ပေးထားသည်။ ကိရိယာများ၊ applications များ နှင့်ဝန်ဆောင်မှုများအားလုံးကို တစ်စုတစ်စည်းတည်း ပံ့ပိုးထောက်ပံ့ပေးထားခြင်းဖြင့် မည်သည့်နေရာမှ မဆို လုပ်ငန်းဆောင်တာများကို ရွေ့လျားသယ်ဆောင်လုပ်ဆောင်နိုင်ကာ အသုံးပြုနိုင်ခွင့်အတွက် တသမတ်တည်းဖြင့် ဘုံနေရာတစ်ခုမှ ဝင်ရောက်အသုံးချနိုင်ခွင့်နှင့် သုံးစွဲပိုင်ခွင့်ရှိသူများအားအတည်ပြုနိုင်စွမ်းတို့ကို လုံခြုံစိတ်ချစွာဖြင့် စီမံခန့်ခွဲနိုင်စေသည်။

          " Cloud ဝန်ဆောင်မှုစနစ်အား မည်သည့်နေရာမှမဆို ရွေ့လျားသွားလာကာ သုံးစွဲနိုင်သည့် ယနေ့ခေတ်မှာ ဝန်ထမ်းများ၊ အသုံးပြုသည့် ကိရိယာများ၊ applications များ နှင့် အချက်အလက်များဟာ လုပ်ငန်းခွင်၊ အချက်အလက်များ ပင်မသိုလှောင်သိမ်းဆည်းရာ datacenter များ သို့မဟုတ် ကွန်ရက်ချိတ်ဆက်မှုနယ်ပယ်များရဲ့ ရုပ်ပိုင်းဆိုင်ရာ အဝန်းအဝိုင်း နံရံတံတိုင်းများကိုကျော်လွန်လျက် အလွန်အမင်း တိုးတက်များပြားလာခဲ့ပါတယ်" ဟု VMware ကုမ္ပဏီ End-User Computing ဌာန၏ အမှုဆောင် ဒုဥက္ကဌ နှင့် အထွေထွေမန်နေဂျာဖြစ်သူ Sanjay  Poonen ကပြောကြားခဲ့သည်။ " ဒီဂျစ်တယ်အခြေပြုစီးပွားရေးလုပ်ငန်းစုကြီးများမှာ နည်းပညာများနှင့် အဖွဲ့ဝင်များရဲ့ တစ်စုတစ်စည်းတည်းမရှိဘဲ တွဲစပ်ချိတ်ဆက်လျက်မရှိမှုကြောင့် ဒီဂျစ်တယ်လုပ်ငန်းခွင်အား စုစည်းပေးထားနိုင်မှု အဝန်းအဝိုင်းကို ဖန်တီးပေးရာမှာ ခက်ခဲရုန်းကန်မှုရမှုများနဲ့ကြုံတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံးအဖြစ် တစ်ခုတည်း ပေါင်းစပ်ဖွဲ့စည်းပေးထားနိုင်တဲ့ ဒီဆော့ဖ်ဝဲပလက်ဖောင်းတစ်ခုကို ထုတ်လွှင့်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ပင်ဂုဏ်ယူမိပြီး အသုံးပြုသူများအား မှန်ကန်ကြောင်းသတ်မှတ်ပေးနိုင်ခြင်း(identity)၊ သုံးစွဲသည့်ကိရိယာများအား စီမံခန့်ခွဲနိုင်ခြင်းနှင့် application ပို့လွှတ်သုံးစွဲနိုင်မှုတွေအတွက် ဒီပလက်ဖောင်းတစ်ခုတည်းမှာပင် ထောက်ပံ့ပေးထားနိုင်ပါတယ်။ အဲဒါကြောင့် စီးပွားရေးလုပ်ငန်းများအဖို့ နေရာအနှံ့ပြန့်ကျဲလုပ်ကိုင်နေကြတဲ့သုံးစွဲသူဝန်ထမ်းများဟာ မည်သည့် ပလက်ဖောင်းကိုသုံးစွဲတာ၊ ဘယ်နေရာမှာမဆိုတည်ရှိနေတာ၊ မည်သည့် ကိရိယာတွေ သို့မဟုတ် applicationတွေသုံးစွဲတာတို့အတွက် ကြောင့်ကြစိုက်စရာမလိုတော့ဘဲ သုံးစွဲနိုင်မှာဖြစ်ပါတယ်" ဟု၎င်းက ပြောကြားခဲ့သည်။
         
          ဒီဂျစ်တယ်လုပ်ငန်းခွင်တစ်ခုဟာ အိုင်တီပိုင်းနဲ့ပတ်သက်ပြီး စွမ်းဆောင်ရည်ပိုင်းပိုမိုမြင့်မားစေခြင်း၊ သုံးစွဲသူများ၊ကိရိယာများ နှင့် applications များ အား စီမံခန့်ခွဲရာမှာ ရိုးရိုးရှင်းရှင်းလုပ်ဆောင်နိုင်ခြင်းတို့ကိုပေးစွမ်းနိုင်သည်။ ယင်းက အသုံးပြုသူများအနေဖြင့် သူတို့က မည်သည့် ကိရိယာများကို သုံးစွဲသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းများရဲ့ အရင်းအမြစ်များအားလုံးကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများအား စိတ်ချလုံခြုံနိုင်မှုနှင့် စွမ်းဆောင်ရည်မြင့် ပလက်ဖောင်းတို့ကိုပေးစွမ်းနိုင်ပြီး အဲဒိပေါ်မှာ စီးပွားရေးလုပ်ငန်းစဉ်များစွာကို တည်ဆောက်ခြင်း၊ တဖန်ပြန်လည်တည်ဆောက်နိုင်ခြင်းတို့က ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက် ပိုမို ထိရောက်တဲ့ ရွေ့လျားသွားလာလုပ်ဆောင်နိုင်မယ့် လုပ်အားစုကိုတည်ဆောက်ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ဒီဂျစ်တယ်လုပ်ငန်းခွင်တစ်ခုကို ဖော်ဆောင်ပေးနိုင်မည့် ပလက်ဖောင်း

          ယနေ့ခေတ် အဖွဲ့အစည်းတွေမှာ ရွေ့လျားသွားလာသုံးစွဲကြသူတွေအတွက် ထိရောက်မှုရှိရှိ စီမံခန့်ခွဲနိုင်မှုတွေကို ကူညီလုပ်ဆောင်ပေးနိုင်ဖို့အတွက် ထောက်ပံ့ပေးနိုင်မယ့် စနစ်ဝန်ဆောင်မှုတွေကိုရွေးချယ်ရာမှာ အကန့်အသတ်များစွာရှိနေပြီး မည်သူသုံးစွဲသည်ကိုစစ်ဆေးအတည်ပြုနိုင်ခြင်း(identity)၊ ကိရိယာများအားစီမံခန့်ခွဲခြင်းနှင့် applications များပို့လွှတ်သုံးစွဲနိုင်ခြင်း စနစ်များအတွက် သီးခြားစီလုပ်ဆောင်နိုင်သည့် ထုတ်ကုန်ဝန်ဆောင်မှုများကို ရွေးချယ်အသုံးပြုကြရသည်။ VMware Workspace ONE ဟာ ကိရိယာများအားစီမံခန့်ခွဲနိုင်မှု၊ application များပေးပို့သုံးစွဲနိုင်မှုနှင့် သုံးစွဲသူအားအတည်ပြုပေးနိုင်သည့် စီမံခန့်ခွဲမှု နည်းပညာများကို တစ်ပေါင်းတစ်စည်းတည်း စုစည်းပေးထားသော ဒီဂျစ်တယ် လုပ်ငန်းခွင်တစ်ခုတည်းမှာပင်လုပ်ဆောင်နိုင်စေဖို့ ဒီဇိုင်းပြုကာတည်ဆောက်ထားပါသည်။ ယင်းကဲ့သို့ တစ်ခုတည်းသော ရွေ့လျားသွားလာလုပ်ဆောင်နိုင်သည့် ပလက်ဖောင်းတစ်ခုတည်းမှာ ပေါင်းစပ်ဖွဲ့စည်းထားနိုင်ခြင်းက လုံခြုံစိတ်ချနိုင်စွမ်းရှိသော စီမံခန့်ခွဲမှုများကိုလုပ်ဆောင်နိုင်မှာဖြစ်ပြီး အိုင်တီပိုင်းနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ကြရာမှာ ဝန်ထမ်းများအား မိမိတို့စီးပွားရေးလုပ်ငန်းရဲ့ အရေးကြီးသော အရင်းအမြစ်များကို ပို့လွှတ်ပေးနိုင်စွမ်းရှိမည်ဖြစ်သည်။ထို့ပြင် သုံးစွဲသူများအတွက်လည်း အရိုးရှင်းဆုံးဖြင့်လွယ်လင့်တကူ သုံးစွဲနိုင်မည်ဖြစ်သည်။ ဒီထုတ်ကုန်ဝန်ဆောင်မှုစနစ်ဟာ မိမိတို့ရဲ့ကိုယ်ပိုင်ကိရိယာများကိုယူဆောင်လာကူသုံးစွဲသည့် စနစ်(BYOD) ကိုသုံးစွဲသူများမှသည် အတူတကွပူးတွဲလုပ်ဆောင်ရသည့် နယ်ပယ်များအထိ မည်သို့သော အမျိုးအစားမဆို ၄င်းတို့၏ ကိရိယာများအား အပြည့်အဝစီမံခန့်ခွဲနိုင်စွမ်းရှိမည်ဖြစ်သည်။

VMware Workspace ONE ၏ လုပ်ဆောင်နိုင်စွမ်းများတွင် အောက်ပါလုပ်ဆောင်နိုင်စွမ်းများပါဝင်သည်-

·         Cloud,Mobile နှင့် Windows Applications များကို သုံးစွဲသူတစ်ယောက်အဆင့်မှ ကိုယ်တိုင်ဝန်ဆောင်မှုဖြင့် ရယူသုံးစွဲနိုင်ခြင်း - Applications အသစ်များနှင့် ဝန်ထမ်းအသစ်များကို လွယ်ကူစွာလေ့လာသင်ယူလုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့အလုပ်များအားနှစ်ခြိုက်စွာအသုံးပြုနိုင်စေပြီး မည်သည့်နေရာမှမဆို မိမိတို့အား အသုံးပြုနိုင်ရန်ခွင့်ပြုချက် အတည်ပြုဖို့ Sing On လုပ်ဆောင်ကာ Secure App Token Systems(SATS) မှတဆင့် သုံးစွဲသူများ၊ ကိရိယာများ၊ စီပွားရေးလုပ်ငန်းများနှင့် cloud စနစ်များအကြား ယုံကြည်စိတ်ချနိုင်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မှန်ကန်ကြောင်း အတည်ပြုချက်ရရှိပြီးသည်နှင့် ဝန်ထမ်းများဟာ မိမိတို့ကိုယ်ပိုင်ပြုလုပ်ထားသော စီးပွားရေးလုပ်ငန်းသုံး application စတိုးအား မိုဘိုင်းကိရိယာများမှ၊ Cloud စနစ် သို့မဟုတ် Windows applications များမှတဆင့် လက်ခံရယူအသုံးပြုနိုင်စွမ်းရှိမည်ဖြစ်သည်။
·         မိမိတို့ကိုယ်ပိုင်မိုဘိုင်းကိရိယာများကိုသယ်ဆောင်အသုံးပြုခြင်း သို့မဟုတ် လုပ်ငန်းပိုင်ကိရိယာများကိုအသုံးပြုခြင်း စသည်အား အဆင်ပြေသလို ရွေးချယ်သုံးစွဲနိုင်မှု - ကိုယ်တိုင်လုပ်ဆောင်နိုင်မှုစနစ်ဖြင့် ယခုစုစည်းပေးထားသည့် စီမံခန့်ခွဲမှု ပလက်ဖောင်းသစ်ဟာ မိုဘိုင်း operating system( iOS, Android နှင့် Windows 10) စီမံခန့်ခွဲမှု မျက်နှာသွင်ပြင်များမှသည် စီးပွားရေးလုပ်ငန်းများအတွက်အသုံးပြုလုပ်ဆောင်နိုင်စေဖို့ လက်ပ်တော့၊စမတ်ဖုန်းများနှင့် တက်ဘလက်များအား ကိုယ်တိုင်ကိုယ်က ဖွဲ့စည်းတည်ဆောက်ကာ မြန်မြန်ဆန်ဆန်ဖြင့် ပြောင်းလဲလုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် သူတို့ကိုယ်ပိုင်ယူဆောင်လာသော မိုဘိုင်းကိရိယာများ(BYOD) အား ဝန်ဆောင်မှုအဆင့်သတ်မှတ်ချက်များကိုရွေးချယ်နိုင်ခြင်း နှင့် သက်သောင့်သက်သာအဆင်ပြေပြေသုံးစွဲနိုင်စေဖို့ အိုင်တီပိုင်း ကန့်သတ်ချက်များကိုရွေးချယ်နိုင်ခြင်း၊တိုးတက်များပြားလာသော ကိုယ်ပိုင်သုံးစွဲနိုင်သည့် ပရိုဂရမ်များ၊ လုပ်ငန်းဆောင်တာများနှင့် အလိုက်သင့် ရွေးချယ်အသုံးပြုနိုင်ခြင်း၊ အချက်အလက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ခြင်း စသည့်လုပ်ဆောင်ချက်များစွာဖြင့် ထိန်းချုပ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
·         လုံခြုံစိတ်ချစွာအသုံးပြုနိုင်သော applications များဖြစ်သည့် Mail,Calendar,Content နှင့် Chat တို့ကို ထောက်ပံ့ပေးထားခြင်း - ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသုံး မိုဘိုင်း applications များကို အများသုံး applications များကဲ့သို့ အသုံးပြုလိုကြသည်။ VMware ONE မှာ email, calendar,contacts, content နှင့် chat applications များပါဝင်ပြီး ယင်းတို့က လုပ်ငန်းခွင်အဖွဲ့အစည်းရဲ့ အချက်အလက်များပေါက်ကြားမှုကိုကာကွယ်ပေးနိုင်ဖို့ မြင်နိုင်စွမ်းမရှိတဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအချက်များရှိနေရာမှာ အများသုံး application များကဲ့သို့ ရိုးရှင်းစွာအသုံးပြုနိုင်မည်ဖြစ်သည်။ Workspace ONE မှာ ပွတ်စွဲတို့ထိပြီးသုံးစွဲနိုင်မည့် web application များဖြစ်သော Evernote, Gmail နှင့် Yahoo! Mail တို့ကဲ့သို့ applications များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသလို အခြားသော third-party SaaS applications များဖြစ်သည့် developer operations teams များမှ မည်သည့်နေရာမှမဆို လုပ်ဆောင်ဖြေရှင်းအသုံးပြုကာ တုံ့ပြန်ပေးနိုင်မည့် Atlassin Jira, GitHub နှင့် Jenkins တို့ကဲ့သို့သော applications များလည်းပါဝင်သည်။
·         အခြေအနေအလိုက်သုံးစွဲနိုင်ခွင့်တောင်းခံနိုင်မှုနှင့် အချက်အလက်များအား လုံခြုံမှုရှိစေခြင်း - ထိရှမခံနိုင်သော အရေးအကြီးသည့် သတင်းအချက်အလက်များကို ကာကွယ်ထားနိုင်ရန်အတွက် VMware Workspace ONE မှာ အသုံးပြုသူအတည်ပြုစစ်ဆေးခြင်းနှင့် ကိရိယာများစီမံခန့်ခွဲခြင်းတို့ကို ဈေးကွက်ရဲ့ပထမဦးဆုံးဖြစ်သော စနစ်ဖြစ်သည့် ComplianceCheck Conditional Access စနစ်ဖြင့် မည်သည့် application သို့မဟုတ် ကိရိယာများမှမဆို ရယူသုံးစွဲနိုင်စေဖို့ ဆုံးဖြတ်မှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဒီချဉ်းကပ်မှုက သမားရိုးကျသုံးစွဲလေ့ရှိသော သုံးစွဲသူအတည်ပြုမှု မူဝါဒများဖြစ်သည့် ခိုင်ခံ့သော အတည်ပြုပေးနိုင်မှု ၊ကွန်ရက်များ၏ နယ်ပယ် နှင့် GPS တည်နေရာပြစနစ်များဖြင့် တောင်းခံသုံးစွဲနိုင်မည့် ကိရိယာသစ်များ ထပ်မံထည့်သွင်းနိုင်မှု၊ whitelist/blacklist application များ၊ AirWatch Mobile Security Alliance ၏မိတ်ဖက်များမှ third-party plug-ins များ၊စသည့် မူဝါဒအခြေအနေပေါင်းစုံ အပေါ်အခြေခံထားသည်။
·         အချိန်နှင့်တပြေးညီ App များပို့လွှတ်နိုင်မှုနှင့်အလိုအလျောက်လုပ်ဆောင်နိုင်စွမ်း - ယနေ့ခေတ်လုပ်ငန်းများမှာ desktops, laptops နှင့် tablets များ၊ Windows 10 ကဲ့သို့သော operating systems များ စုစည်းပေါင်းစုံကာ ရွေ့လျားသယ်ယူသုံးစွဲနိုင်မည့် ပုံစံ၊ application စီမံခန့်ခွဲမှု စသဖြင့် စုစည်းပေါင်းစပ်ထားသည်ကို မြင်တွေ့လာရသည်။ VMware Workspace ONE အနေဖြင့် application သံသရာစက်ဝန်း စီမံခန့်ခွဲမှုအား application များထုတ်လုပ်တင်ပို့မှုနှင့် နောက်ဆက်တွ စီမံခန့်ခွ မှုများအားရိုးရှင်းစွာဖြင့် လုပ်ဆောင်နိုင်စေရန် ခေတ်နှင့်အညီ ထောက်ပံ့ပေးထားသည်။ စီမံခန့်ခွဲသူများအနေဖြင့် application များပို့လွှတ်ပေးမှုနှင့် အဆင့်မြှင့်တင်မှုများကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်စွမ်းရှိပြီး တပြိုင်နက်တည်းအဆင့်မြှင့်တင်ပေးနိုင်ကာ သုံးစွဲသူများအဖိုက Windows applications များကို ကိရိယာအားလုံးမှာ အသုံးပြုနိုင်မည်ဖြစ်သည်။ Worspace ONE သည် VMware AirWatch မိုဘိုင်းစီမံခန့်ခွမှုစနစ်၊ VMware Horizon နှင့် VMware App Volumes application ထုတ်လွှင့်ပေးပို့မှုနည်းပညာများဖြင့် ဈေးကွက်ဦးဆောင်မှုကိုရယူနိုင်မည်ဖြစ်သည်။

"ESG သုတေသန ရဲ့ သုံးသပ်သူများ၏ ၇၀ရာခိုင်နှုန်းက ရွေ့လျားသွားလာလုပ်ဆောင်နိုင်မှု မဟာဗျူဟာများရဲ့  ထိရောက်မှုဟာ ပင်မ applications များနှင့် စီးပွားရေးလုပ်ငန်းစဉ်များကဲ့သို့ အခရာကျလှပြီး အဲဒါက သူတို့အဖွဲ့အစည်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေမှာ အကျိုးတရားများဖော်ဆောင်နိုင်စေဖို့ ဦးဆောင်နိုင်မယ်လို့ ရှုမြင်ထားပါတယ်" ဟု ESG ၏ enterprise mobility ပိုင်းဆိုင်ရာ အကြီးတန်းဆန်းစစ်သူ Mark Bowker ကပြောသည်။ "VMware Workspace ONE ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် ဒီဂျစ်တယ် လုပ်ငန်းခွင်ဟာ စီးပွားရေးလုပ်ငန်းများအတွက် ၄င်းတို့၏ ဝန်ထမ်းများအား လိုက်လျောက်ညီထွေစွာလုပ်ကိုင် ဆောင်ရွက်နိုင်စေမယ့် အလုပ်လုပ်ပုံ စတိုင်များကိုပံ့ပိုးပေးနိုင်ပြီး ဝန်ထမ်းများရဲ့ ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေမှာဖြစ်ပါတယ်။ IT professionals များအတွက်လည်း အရေးကြီးသော လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်ပြီး ထင်သာမြင်သာရှိရှိဖြင့် လွပ်လပ်စွာ တပ်ဆင်ပေးနိုင်ကာ အကောင်းဆုံးသော သုံးစွဲမှုအတွေ့အကြုံများအတွက် တစ်ခုတည်းသော စုစည်းပေးထားသည့် ဒီဂျစ်တယ်လုပ်ငန်းခွင်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်" ဟု ၄င်းက ဆိုသည်။

              " Cloud နှင့် မိုဘိုင်းနည်းပညာများက ကုမ္ပဏီတွေအဖို့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းများကို ဘယ်လိုဘယ်ပုံလုပ်ဆောင်ကြသလဲဆိုတဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး အခြေခံကျကျပြောင်းလဲလာစေခဲ့ပါတယ်" ဟု Accenture Infrastructure Services ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ Keith Lippiatt ကပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ VMware ရဲ့ Workspace ONE ကိုအသုံးပြုပြီး Workplace-as-a-Service စနစ်အဖြစ်အသုံးပြုခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့အတွက် အချက်အလက်တွေ နဲ့ applicationတွေကို ရယူသုံးစွဲရာမှာ ပဲဖြစ်ဖြစ်၊ လုပ်ငန်းမှာသုံးစွဲသူတွေအဖို့ သူတို့ဘယ်လိုမျိုး ကိရိယာတွေသုံးတယ်၊ဘယ်နေရာကသုံးတယ်ပဲဖြစ်ဖြစ် သုံးစွဲသူများနှင့်ပတ်သက်တဲ့ အတည်ပြုမှု အတွက် စီမံခန့်ခွဲ မှုများလုပ်ဆောင်ရာမှာ တစ်စည်းတည်းရှိစေခဲ့ပါတယ်။ ဥပမာအားဖြင့် အလွန်ကြီးမားသော ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Accenture ဟာ VMware Horizon Aire ကို အသုံးပြုပြီး မည့်သည့်ကိရိယာ၊ မည်သည့်နေရာမှမဆို အသုံးပြုလုပ်ဆောင်နိုင်တဲ့ လုံခြုံစိတ်ချရပြီး မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်သော လုပ်ငန်းခွင်ကို အလိုက်သင့်အလျားသင့် လုပ်ဆောင်နိုင်စေပါတယ်" ဟု ၄င်းက ပြောကြားခဲ့သည်။

ရရှိနိုင်မှု နှင့် ဈေးနှုန်းများ
         VMware Workspace ONE အား ယခုသုံးလပတ်ကာလအတွင်းရရှိနိုင်မယ်လို့ ယေဘူယျအားဖြင့် ခန့်မှန်းရသည်။ ဒီ ထုတ်ကုန်စနစ်အား standard, advanced နှင့် enterprise editions များအဖြစ်ရွေးချယ်နိုင်ပြီး ဈေးနှုန်းကတော့ cloud အတွက် ရယူလိုပါက တစ်လလျှင် သုံးစွဲသူတစ်ဦးအတွက် $8 နှင့် တစ်ကြိမ်တည်း လိုင်စင်ဖြင့်ဝယ်ယူမည်ဆိုပါက သုံးစွဲသူတစ်ဦးလျှင် $150 ကျသင့်မည်ဖြစ်သည်။

VMware Online Event ဖြစ်သော "Enabling the Digital Enterprise" အားချိတ်ဆက်ကြည့်ရှုနိုင်ရန်
          VMware သည် ဖော်ဖော်ဝါရီလ ၉ ရက်နေ့ ပစိဖိတ်စံတော်ချိန် 9:30 a.m တွင် webcast မှတဆင့်တိုက်ရိုက်ထုတ်လွှင့်မည့် event တွင် စီးပွားရေးလုပ်ငန်းများအတွက် ၄င်းတို့၏ မဟာဗျူဟာများနှင့်ပတ်သက်ပြီး အကူအညီများပေးနိုင်ရန်၊ လုံခြုံစိတ်ချရသော စီးပွားရေးလုပ်ငန်းသုံး ဒီဂျစ်တယ် လုပ်ငန်းခွင်များနှင့်ပတ်သက်သော အကြောင်းအရာများဖြင့် တင်ဆက်ပေးမည်ဖြစ်ပြီး ထုတ်ကုန်သစ်များနှင့် ဝန်ဆောင်မှုစနစ်သစ်များ၏ အသေးစိတ်အချက်အလက်များ၊ နည်းပညာပိုင်းဆိုင်ရာ သရုပ်ပြမှုများကို တင်ဆက်ပြသပေးမည်ဖြစ်သည်။ အဆိုပါ webcast အစီအစဉ်အား ကြည့်ရှုရန် မှတ်ပုံတင်လိုပါက http://www.vmware.com/digitalenterprise/ တွင် register လုပ်နိုင်ပါသည်။



VMware အကြောင်း


VMware သည် စီးပွားရေးလုပ်ငန်းများအတွက် Cloud ခေတ်တွင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် virtualization နှင့် cloud infrastructure solutions များအားဦးဆောင်ဦးရွက် ထုတ်လုပ်ပံ့ပိုးနေသည့် ဈေးကွက်ခေါင်းဆောင် ကုမ္ပဏီတစ်ခုဖြစ်သည်။ VMware ၏ ထုတ်ကုန်များကိုမှီခိုသုံးစွဲနေကြသော ဖောက်သည်များသည် သူတို့အနေဖြင့် အိုင်တီပိုင်းဆိုင်ရာ အရင်းအမြစ်များကို တည့်ဆောက်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် ရယူသုံးစွဲခြင်းတို့အတွက် ဆင့်ကဲတိုးတက်ပြောင်းလဲမှုများကိုဖော်ဆောင်ပေးနိုင်သလို သီးခြားလိုအပ်မှုများကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အမြတ်ငွေ $6.6 ဘီလီယံရှိသော VMware သည် ဖောက်သည်ပေါင်း ၅၀၀,၀၀၀ ကျော် နှင့် မိတ်ဖက်ပါတနာပေါင်း ၇၅,၀၀၀ ကျော်ဖြင့် လည်ပတ်လျှက်ရှိသည်။ ကုမ္ပဏီ၏ ရုံးချုပ်သည် Silicon Valley တွင်တည်ရှိပြီး ကမ္ဘာတစ်လွှားတွင်လည်း ရုံးခန်းခွဲပေါင်းမြောက်မြားစွာဖွင့်လှစ်ထားသည်။ Online မှဝင်ရောက်လေ့လာလိုပါက  www.vmware.com တွင်ကြည့်ရှုနိုင်မည်ဖြစ်သည်။

0 comments: