Monday, December 8, 2014

0

Samsung Galaxy S5 Special review

Posted in ,
HAN(TechRangoon)

စမတ်ဖုန်းလောကရဲ့ ပြိုင်ပွဲက တဖြည်းဖြည်းပိုကြမ်းလာတယ်။ Android ဖုန်းကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ feature ပိုများတဲ့၊ camera megapixel ပိုများတဲ့ ဖုန်းတွေ၊ screen ppi များတဲ့ဖုန်းတွေ အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲ ထုတ်လုပ်လာကြတယ်။ ဒါပေမယ့် သတိထားစရာကောင်းတာက Apple ရဲ့ အောင်မြင်မှုက iPhone camera ကြောင့်လည်းမဟုတ်၊ သူ့ OS ကြောင့်လည်းမဟုတ်၊ ဘထ္ထရီသက်တမ်းကြောင့်လည်း မဟုတ်ပဲ အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ဖုန်းကို လှလှပပ၊ ချောချောမွေ့မွေ့သုံးနိုင်ဖို့ဆိုတဲ့ သုံးစွဲသူတွေတောင် တခါတလေသတိမထားမိတဲ့ သေးငယ်တဲ့အရာတွေကိုအစ ဂရုစိုက်လုပ်ပေးတဲ့ Apple ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ Apple ကုမ္ပဏီဟာ ဖုန်းတမျိုးထုတ်တိုင်း ထုတ်တိုင်း အကြီးကြီးတွေပြောင်းလဲတာထက် သေးသေးငယ်ငယ်အရာတွေကိုပဲ ပိုမိုကောင်းမွန်အောင်၊ ပြည့်စုံအောင်လုပ်တာက ၄င်းအောင်မြင်မှုရဲ့ အဓိကအချက်လို့ ထင်တယ်။

သေးသေးငယ်ငယ်တွေကို ပိုဂရုစိုက်တယ် Apple ရဲ့ လုပ်ဆောင်မှုဟာ Samsung နဲ့တော့ ပြောင်းပြန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ It’s big ဆိုတဲ့ ၄င်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း Samsung ကကြီးကြီးမားမားပြောင်းလဲမှုလုပ်တာကိုပဲ ပိုအလေးပေးပါတယ်။ ၄င်းဟာ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ ကြီးမားတဲ့ဖုန်းတွေထုတ်တယ်။ကြီးမားတဲ့ အိုင်ဒီယာအသစ်တွေနဲ့ စမတ်ဖုန်းတစ်လုံးလုပ်ဆောင်နိုင်တာထက် လွန်တဲ့ အခြားထပ်တိုးလုပ်ဆောင်မှုတွေကို များများပြားပြား ပစ်ထည့်ထားတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Samsung က ၄င်းတို့ရဲ့ နည်းကို နည်းနည်းပြောင်းလာပြီလို့ ထင်တယ်။ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S5 မျိုးဆက်သစ်ကို features ပေါင်းမြောက်များစွာနဲ့ အမွှမ်းတင်တာထက် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံးရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ပြန်ဂရုစိုက်လာပြီလို့ မြင်လာတယ်။

လွန်ခဲ့တဲ့တစ်နှစ်က HTC ကထုတ်ခဲ့တဲ့ အလူမီနီယံကိုယ်ထည်နဲ့ HTC One ဟာ Samsung ရဲ့ ဈေးပေါဟန်ရှိတဲ့၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့၊ feature ပေါင်းများစွာနဲ့ နစ်မြှုပ်နေတဲ့ S စီးရီးဖုန်းတွေကို မကျော်လွှားနိုင်ရင်တောင် ဈေးကွက်ထဲမှာ ၄င်းရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် ဖြစ်ခဲ့မယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနှစ်လည်း s5 ဆိုတဲ့ ဖုန်းအသစ်ကို ထပ်မံထုတ်လုပ်ခဲ့တယ်။ ဒီတစ်ခေါက်လည်း ယခင် စီးရီးဖြစ်တဲ့ S4 ထက်အနည်းငယ်ကြီးသွားတဲ့ မျက်နှာပြင်၊ အနည်းငယ်ရှည်ပြီး ကျယ်သွားတဲ့ ဖုန်းကိုယ်ထည်နဲ့ ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါးနဲ့ s4 နဲ့ တည်ဆောက်ပုံသိပ်မကွာလှတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

0 comments:

0

Mark Zuckerberg (သို့မဟုတ်) လူတွေ Like ကြတဲ့နောက်ထပ်ကမ္ဘာတစ်ခုကိုတည်ထောင်သူ

Posted in
ကမ္ဘာကြီးပြားတယ်ဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို
ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့
ပြောကြဆိုကြနေထိုင်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှု
ကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့
အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည် နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင်တက်ကြပါတယ်။
သို့သော်ကောင်းကောင်းအသုံးချတတ်ရင်တော့ ကောင်းကျိုးတွေအများကြီးလည်းရနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေလူသားတွေကတော့ နေ့စဉ်နေ့စဉ်၊ညစဉ်ညစဉ် ဒီ Facebook ထဲကိုဝင်နေကြဦးမှာကတော့ သေချာပါတယ်။ ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခြေရာကောက်ကြရအောင်။

0 comments:

0

Sony Xperia T2 Ultra review

Posted in ,
HAN(Tech Rangoon)

The Good : ကောင်းမွန်တဲ့ ကင်မရာ၊ တောက်ပတဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံတဲ့ ဘက်ထရီ စတာတွေက T2 Ultra ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
The Bad : Internal Storage 8GB အစား 16GB လောက်ပါရှိသင့်ပါတယ်။ အခြားအားနည်းချက်တွေတော့ သိပ်မရှိပါဘူး။

The Bottom Line : ဈေးသင့်ပြီး ဖုန်းခပ်ကြီးကြီးကိုင်လိုသူတွေအတွက် ဖုန်းကောင်းတစ်လုံးပါ။

Android ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အဆင့်မြှင့်စမတ်ဖုန်းဈေးကွက်ကို ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ကြသလို တန်ဖိုးသင့်ဖုန်းတွေကိုလည်း အသီးသီးထုတ်ပြီး ယှဉ်ပြိုင်လေ့ရှိပါတယ်။ မည်သည့်ဈေးနှုန်းမှာမဆို ၄င်းတို့ရဲ့ ထုတ်ကုန်တွေကို သုံးစွဲနိုင်စေဖို့ ဦးတည်ထုတ်လုပ်လာကြပါတယ်။ Sony ကုမ္ပဏီကလည်း မနှစ်က၄င်းတို့ထုတ်ခဲ့တဲ့ အောင်မြင်တဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Xperia T ရဲ့ မျိုးဆက်သစ် Xperia T2 Ultra ကို ယခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့အပြင် T3 လည်းရှိပါသေးတယ်။ သို့သော် T2 Ultra က T3 ထက် မျက်နှာပြင် ပိုကြီးပါတယ်။ Ultra ဆိုတဲ့အတိုင်း မျက်နှာပြင် ၆ လက်မရှိတဲ့ဖုန်းတွေဟာ ဈေးကွက်ထဲမှာလည်း လူကြိုက်များလှပါတယ်။ အစက ၆ လက်မအရွယ်ဖုန်းတွေဟာ လူတွေ ဝယ်ပြီး ကိုင်ပါ့မလားလို့ အတွေးဝင်ခဲ့သေးပါမယ့် တချို့ဆို ၇ လက်မအရွယ် Tablet တွေကိုတောင် ဖုန်းလုပ်ပြောနေကြသေးတာကြောင့် ၆ လက်မအရွယ်ဖုန်းဆိုတာ ပြောရရင် ဖုန်းမျက်နှာပြင် ခပ်ကြီးကြီးကြိုက်သူတွေအဖို့ ကောင်းမွန်ပြီး သင့်တော်တဲ့ မျက်နှာပြင်ဆိုဒ်ပါပဲ။ ဈေးကွက်ထဲမှာလည်း ရောက်နေပြီဖြစ်တဲ့ Xperia T2 Ultra ကို အသေးစိတ်လေ့လာကြည့်ရအောင်။


0 comments:

0

အွန်လိုင်းမှာစာသင်ကြားပို့ချခြင်းမှ တစ်လလျှင် $66,000 ဝင်ငွေရရှိလာသော အသက် ၂၅နှစ်အရွယ်လူငယ်တစ်ဦး

Posted in

အမေရီကန်နိုင်ငံမှာ ၂၀၀၈ခုနှစ်က iPhone စတင်ထွက်ပေါ်လာခဲ့စဉ်က Nick Walter ဆိုတဲ့လူငယ်တစ်ဦးဟာ ဂျပန်နိုင်ငံမှာ Mormon သာသနာပြုလုပ်ငန်းတစ်ခုမှာ စမတ်ဖုန်းတစ်လုံးမှမရှိဘဲ အလုပ်လုပ်နေခဲ့ပါတယ်။

တစ်နေ့သူအိမ်ပြန်လာတော့ သူ့ဖခင်က iPhone 4 ကိုသူ့အတွက်ဝယ်လာပေးပါတယ်။ “ဒါဟာ ကျွန်တော့်ဘဝမှာ apps တွေနဲ့ပထမဦးဆုံး သုံးစွဲဖူးတာပါ” လို့ သူကမှတ်မှတ်ရရပြောဆိုပါတယ်။ “ ကျွန်တော်ဒီဖုန်းကိုအလွန်ကြိုက်ပါတယ်။ကျွန်တော့်အဖို့အရူးအမူးဖြစ်ခဲ့ရပါတယ်။ အားလုံးကိုလုပ်ပေးနိုင်တယ်လေ” လို့သူကဆိုတယ်။

0 comments: