Wednesday, September 24, 2014

0

စွမ်းဆောင်ရည်ပိုင်း တစ်ခေတ်ဆန်းထားတဲ့ BMW M5 2014

Posted in
လင်းလင်း(IA)



       အခု နောက်ပိုင်း ဂျာမနီ အခြေစိုက် BMWရဲ့ အဓိက ခြေလှမ်းနှစ်ခု ရှိနေတာ တွေ့နိုင်ပြီးတော့ ပထမ တစ်ခုက ရှေ့ဘီးယက်စနစ်နဲ့ ပထမဆုံး မော်ဒယ်တွေဖြစ်တဲ့ 2 Seriesတန်းဝင် မော်ဒယ်နှစ်မျိုးကို ဈေးကွက်တင်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ လေးငါးနှစ်အတွင်း ဈေးကွက်မှာ နေရာ နည်းနည်းကျလာတဲ့ M Seriesတန်းဝင် မော်ဒယ်တွေကို ပြန်လည် ပြင်ဆင် ပြောင်းလဲမှုနဲ့ နည်းပညာပိုင်း တီထွင်မှုတွေ လုပ်ကိုင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လာမယ့် ၂၀၁၅ခုနှစ်မော်ဒယ်နဲ့ လာမယ့် M4မော်ဒယ်ဆိုရင် BMWရဲ့ ထွက်ရှိသမျှ မော်ဒယ်တွေထဲမှာ အကောင်းဆုံး ဖြစ်မယ်လို့တောင် ဆိုနေသူတွေ ရှိနေတာပါ။ ဒီတော့ M4မော်ဒယ်တစ်ခုတည်းကို နည်းပညာပိုင်း အဆင့်မြှင့်လိုက်တာလား ဆိုတော့ မဟုတ်ပါဘူး။ M4ရဲ့ နည်းပညာမြင့်လာရင် M Seriesတစ်ခုလုံးရဲ့ နည်းပညာလည်း မြင့်သွားတော့မှာပါ။ အကြောင်းကတော့ M4, M5, M6ဆိုတာတွေက M Seriesတန်းဝင် မော်ဒယ်တွေပဲ ဖြစ်ပြီးတော့ မော်ဒယ် တစ်ခုနဲ့ တစ်ခုရဲ့အဓိက ကွာဟချက်က ကိုယ်ထည် အရွယ်နဲ့ အင်ဂျင် အရွယ်တွေပဲ ဖြစ်ပြီး တခြား ထည့်သွင်း နည်းပညာပိုင်းတွေတော့ ထူးထူးထွေထွေ ပြောင်းလဲမှု မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါဆို ရှေ့နှစ်မော်ဒယ်နဲ့ လာမယ့် M Seriesတွေက BMWရဲ့ အကောင်းဆုံး မော်ဒယ်တွေ ဖြစ်မယ် ဆိုရင် ဒီနှစ်မော်ဒယ်ကရော ဘယ်လိုလဲ ဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီနော်၊ ကောင်းပါပြီ၊ ကျွန်တော်တို့ ဒီနှစ်မော်ဒယ် M5အကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။

0 comments:

0

Xiaomi Mi 3 Review

Posted in ,



ကိုယ်ထည်ဒီဇိုင်းအရရော၊ OS ဒီဇိုင်းအရပါ ကောင်းမွန်တဲ့ တရုတ်ပြည်တွင်းထုတ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံး

HANMINSEIN

The Good : Xiaomi ရဲ့ Mi 3 ဖုန်းမှာ လှပတဲ့ အလူမီနီယံ-မဂ္ဂနီဆီယမ်သတ္ထုကိုယ်ထည်ပါရှိလာပြီး စွမ်းဆောင်ရည်ကလည်း မြင့်မားသလို OS UI ကလည်း Android ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

The Bad : 4G LTE စနစ်ကို support မပေးသလို microSD card slot လည်း မပါရှိပါဘူး။ နောက်ပြီး Mi Store မှာကလည်း တရုတ်စာသားတွေနဲ့ပဲ ရေးသားထားတာကြောင့် Language ပိုင်းမှာ အနည်းငယ်ခက်ခဲနိုင်ပါတယ်။

The Bottom Line : တရုတ်ဖုန်းဆိုပေမယ့် အခြားသော ထိပ်သီးစမတ်ဖုန်းကုမ္ပဏီတွေရဲ့ အဆင့်မြှင့်ဖုန်းတွေကို တန်းတူယှဉ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ငွေ ၃သိန်းအောက်လောက်နဲ့ စွမ်းဆောင်ရည်ကောင်းပြီး ဒီဇိုင်းလှပတဲ့ အဆင့်မြှင့် စမတ်ဖုန်းကိုကိုင်ချင်ရင်တော့ Xiaomi Mi3 ဟာ သင့်အတွက် အသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်မှာပါ။
Xiaomi ဆိုတာ တရုတ်ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက တရုတ်ပြည်တွင်းဈေးကွက်မှာ နာမည်ရထားပြီးဖြစ်တဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိကုမ္ပဏီကို ဦးဆောင်နေသူကတော့ ယခင် Google က အဆင့်မြင့်အမှုဆောင်တစ်ဦးဖြစ်တဲ့ Hugo Barra ပါ။ သူရောက်ပြီးနောက်ပိုင်း Xiaomi ဟာ တရုတ်ပြည်ပဈေးကွက်ကိုလည်း ပိုမိုချဲ့ထွင်နိုင်လာပါတယ်။ ဒီနှစ်မှာပဲ Xiaomi ဟာ အရှေ့တောင်အာရှနဲ့ အခြားသော အာရှနိုင်ငံအချို့မှာ ဈေးကွက်စတင်ချဲ့ထွင်နေပါပြီ။ ဥပမာ-စင်ကာပူ၊မလေး၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အိန္ဒိယလိုနိုင်ငံတွေမှာလည်း Xiaomi သုံးစွဲသူတွေ တဖြည်းဖြည်း များပြားလာပါတယ်။ မြန်မာနိုင်ငံကိုတော့ တရားဝင်မိတ်ဆက်ခြင်းမရှိသေးပေမယ့် Xiaomi ဖုန်းကို တချို့သောဖုန်းသုံးစွဲသူတွေ တော်တော်များများ သတိပြုမိပြီး ဖြစ်ပါလိမ့်မယ်။

0 comments: